back

MSME ပြပွဲများမှတစ်ဆင့် ဒေသထွက် ပုသိမ်ထီး ပြည်တွင်းဝယ်လိုအားကောင်းလာကြောင်း သိရ

Feb 21 • 1:17 AM

breaking-news

Myanmar

Ayeyarwady

cover

MSME ပြပွဲများမှတစ်ဆင့် ဒေသထွက် ပုသိမ်ထီး ပြည်တွင်းဝယ်လိုအားကောင်းလာကြောင်း သိရ

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ပြပွဲများတွင် ပါဝင်ပြသခဲ့ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ ပြယုဒ်တစ်ခုဖြစ်သော ပုသိမ်ထီးများကို လူသိပိုမိ...

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ပြပွဲများတွင် ပါဝင်ပြသခဲ့ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ ပြယုဒ်တစ်ခုဖြစ်သော ပုသိမ်ထီးများကို လူသိပိုမိုများပြားလာကာ လက်ရှိတွင် ကျောင်းစုံညီပွဲတော်များ၊ ရုပ်ရှင်ဇာတ်ဝင်ခန်းများနှင့် အမှတ်တရလက်ဆောင်များအဖြစ် ပြည်တွင်းဝယ်လိုအား မြင့်တက်နေကြောင်း ပုသိမ်မြို့ရှိ ထီးလုပ်ငန်းရှင်များထံမှ သိရသည်။ ပုသိမ်ထီးလုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများကို ကြိုတင်စုဆောင်းထားသဖြင့် ဈေးနှုန်းတိုးမြှင့်ခြင်းမရှိဘဲ မနှစ်ကဈေးနှုန်းအတိုင်း (ပင်ရင်းဈေး ကျပ် ၁၀,၀၀၀ ဝန်းကျင်ဖြင့်) ရောင်းချပေးနေပြီး၊ ယခုကဲ့သို့ ဘုရားဖူးနှင့် အပန်းဖြေခရီးသွားရာသီ စတင်ချိန်တွင် ပုသိမ်ထီးအရောင်းဆိုင်များ ပိုမိုရောင်းကောင်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

80