၂၁.၂.၂၀၂၆ ရက်နေ့၊ ၀၀ နာရီ၁၅ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေပိုင်း)၊ ရွာသာကြီးစက်မှုဇုန်၊ အမှတ် (၂)လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါယာဥ်တိုက်၍လူညှပ်နေကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေပိုင်း)ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး (ေ-သဆုံး)အား ဦးချက် YRO အသင်းမှသူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။



