back

တောင်ကြီးတွင် လျှပ်စစ်မီတာခများ သုံးဆကျော် မြင့်တက်လာ

Feb 20 • 4:17 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးတွင် လျှပ်စစ်မီတာခများ သုံးဆကျော် မြင့်တက်လာ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း ဖြန့်ဝေနေသော ဇန်နဝါရီလအတွက် ကောက်ခံသည့် လျှပ်စစ်မီတာ စာရွက်များ၌ ဓါတ်အားကောက်ခံမှု ကျသင့်ငွေများ ၃ ဆ...

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း ဖြန့်ဝေနေသော ဇန်နဝါရီလအတွက် ကောက်ခံသည့် လျှပ်စစ်မီတာ စာရွက်များ၌ ဓါတ်အားကောက်ခံမှု ကျသင့်ငွေများ ၃ ဆကျော်အထိ မြင့်တက်လာနေကြောင်း သိရသည်။ယခင်လများက လျှပ်စစ်မီတာခ ၁၀၀၀၀ ကျပ်ဝန်းကျင်ခန့် ကျသင့်သည့် လူနေအိမ်များတွင် ယခုရက်‌ပိုင်း ရောက်ရှိလာသည့် လျှပ်စစ်ဓာတ်အားခ တောင်းခံလွှာ စာရွက်များ၌ ၅၀၀၀၀ ကျပ် ဝန်းကျင် အထိ ကျသင့် နေခြင်းဖြစ်ကြောင်း သိရသည်။ယခု ရက်ပိုင်းတွင် အဆိုပါရပ်ကွက်အတွင်းသို့ ဖြန့်ဝေထားသည့် မီတာစာရွက် အများစု၌ ယင်းကဲ့သို့ ဓါတ်အားခများ အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။လက်ရှိ ကောက်ခံနေသည့် အိမ်သုံး လျှပ်စစ်မီတာခ နှုန်းထားများမှာ လျှပ်စစ်မီတာ ၁ ယူနစ်မှ ၅၀ ယူနစ် အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ် နှင့် ၂၀၁ ယူနစ်အထက် ၃၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။





news-view-count-icon

31