back

မိုင်းဆတ်မှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေ အဆမတန် ပေါများလာလို့ ဒေသခံတွေ စိုးရိမ်နေ

Feb 20 • 3:45 PM

breaking-news

Myanmar

Shan

cover

မိုင်းဆတ်မှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေ အဆမတန် ပေါများလာလို့ ဒေသခံတွေ စိုးရိမ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ အာဏာပိုင်တွေဘက်က လောင်းကစားဝိုင်းတွေကို တရားဝင်ပုံစံ ခွင့်ပြုပေးထားတဲ့အတွက် ဒေသခံတွေရဲ့ လူမှုစီးပွားဘဝတွေ ပျက်စီးနေရသ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ အာဏာပိုင်တွေဘက်က လောင်းကစားဝိုင်းတွေကို တရားဝင်ပုံစံ ခွင့်ပြုပေးထားတဲ့အတွက် ဒေသခံတွေရဲ့ လူမှုစီးပွားဘဝတွေ ပျက်စီးနေရသလို ဒုစရိုက်မှုတွေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ လားဟူနှစ်သစ်ကူးနဲ့ တရုတ်နှစ်သစ်ကူးကာလတွေမှာ ပွဲတော်တွေကို အကြောင်းပြပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်ခဲ့ကြသလို၊ အခုလည်း သင်္ကြန်ပွဲတော်ကာလကို အကြောင်းပြပြီး နမ့်ခုတ်ချောင်းဘေးမှာ လောင်းကစားဝိုင်းတွေ ထပ်မံပြုလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ဒါ့အပြင် မိုင်းဆတ်မြို့မှာ လောင်းကစားနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေသာမကဘဲ "ကထောင့်" လို့ခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်လိုမျိုး မူးယစ်ဆေးဝါးတွေကိုလည်း ဆိုင်တိုင်းလိုလိုမှာ အလွယ်တကူ ဝယ်ယူရရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဒေသခံလူငယ်အများအပြား ဘဝပျက်စီးနေရတဲ့အပေါ် ဒေသခံတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။




news-view-count-icon

16