back

မြန်မာ- ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်ပြီးနောက် ဆိပ်ကမ်းများရှိ သမ္ဗာန်စီးနင်းမှု များစွာလျော့နည်းလာ

Feb 20 • 3:42 PM

breaking-news

Myanmar

Yangon

cover

မြန်မာ- ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်ပြီးနောက် ဆိပ်ကမ်းများရှိ သမ္ဗာန်စီးနင်းမှု များစွာလျော့နည်းလာ

မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်ပြီးနောက်ပိုင်း ဆိပ်ကမ်းများရှိ သမ္ဗာန်စီးနင်းမှု များစွာလျော့ကျလာကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က သမ္ဗာန်ဆိပ်များထံမှ...

မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်ပြီးနောက်ပိုင်း ဆိပ်ကမ်းများရှိ သမ္ဗာန်စီးနင်းမှု များစွာလျော့ကျလာကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က သမ္ဗာန်ဆိပ်များထံမှ သိရသည်။ပန်းဆိုးတန်းသမ္ဗာန်ဂိတ်မှ သမ္ဗာန်ကြီးကြပ်ရေးမှုး ဦးထွန်းအောင်က “တံတားကြီးဖွင့်တဲ့နေ့ကစပြီး သမ္ဗာန်တွေလည်း နည်းသွားတာပေါ့။လူစီးတာလည်း နည်းသွားတယ်။ အရင်ကဆို သမ္ဗာန်ပေါင်းတစ်ရာလောက်ရှိတယ်။ အခုဆို တစ်ဝက်လောက်​နည်းသွားတယ်။ ရုံးတက်ရုံးဆင်းချိန်တောင် စီးတဲ့သူတော်တော်နည်းသွားတယ်။ သမ္ဗာန်သမားတွေကတော့ ဝင်ငွေတွေတော်တော်နည်းသွားတာပါ” ဟု ပြောကြားသည်။မြန်မာ- ကိုရီးယား(ဒလ)တံတားပေါ်သို့ ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ကာ YBPC မှ ယာဉ် အစီးရေ ၂၀ နှင့် YUPT မှ ယာဉ်ဆယ်စီးဖြင့် ပြေးဆွဲနေပြီး ယင်းသို့ ပြေးဆွဲပြီးနောက်တွင် သမ္ဗာန်သမားများမှာ အခက်အခဲများ ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။





news-view-count-icon

18