back

ခြေသလုံးရိုးကျိုးဒဏ်ရာကြောင့် တိုက်စစ်မှုး မိုဂူး ခွဲစိတ်မှုပြုလုပ်ရမည်ဖြစ်

Feb 20 • 2:15 PM

breaking-news

Myanmar

Local

cover

ခြေသလုံးရိုးကျိုးဒဏ်ရာကြောင့် တိုက်စစ်မှုး မိုဂူး ခွဲစိတ်မှုပြုလုပ်ရမည်ဖြစ်

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်၏ ပွဲချိန် ၈၇ မိနစ်တွင် တိုက်စစ်မှုး မိုဂူး ဘောလုံးဆွဲယူလာရာမှ တစ်ဖက်ရှမ်းယ...

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲစဉ်၏ ပွဲချိန် ၈၇ မိနစ်တွင် တိုက်စစ်မှုး မိုဂူး ဘောလုံးဆွဲယူလာရာမှ တစ်ဖက်ရှမ်းယူနိုက်တက်အသင်း ကစားသမား၏ ခြေစုံပစ်ဝင်ပြီး ဥပဒေပဖျက်ထုတ်မှုကြောင့် မိုဂူး၏ ခြေသလုံးရိုးကျိုးခဲ့ပြီး အရေးပေါ်ဆေးရုံသို့ပို့ဆောင်ခဲ့ရပါသည်။


မိုဂူးအား အာရှတော်ဝင်ဆေးရုံတွင် ဓာတ်မှန်ရိုက်ဆေးစစ်မှုများပြုလုပ်ခဲ့ရာ ညာဘက်ခြေသလုံးရိုး ပင်မအရိုးနှင့် ဘေးအရိုး နှစ်ချောင်းစလုံးကျိုးခဲ့ပြီး အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရမည်ဖြစ်ကြောင်း တာဝန်ခံအရိုးအထူးကုဆရာဝန်ကြီးမှ ပြောကြားသည့်အတွက် လိုအပ်သည့်များ ဆက်လက် လုပ်ဆောင်ပြီး မနက်ဖြန်ညနေတွင်ခွဲစိတ်မည်ဖြစ်ပါသည်။ 




news-view-count-icon

31