ဖေဖော်ဝါရီလ ၁၉ခရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရှင်ဥပဂုတ္တရ်ကန်တော်မင်္ဂလာအတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။သေဆုံးသူမှာ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၊ တမံကြီးပိုင်းတွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် စိုးထက်နိုင်ဆိုသူ ဖြစ်ကြောင်း သိရသည်။



