back

၂၀၂၆ နိုင်ငံတကာပညာရေးပြပွဲကို မတ် ၁ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ကျင်းပမည်

Feb 20 • 2:14 PM

breaking-news

Myanmar

Yangon

cover

၂၀၂၆ နိုင်ငံတကာပညာရေးပြပွဲကို မတ် ၁ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ကျင်းပမည်

‎Information Hub of Myanmar နှင့် IHM International College တို့မှကြီးမှူး၍ Study Abroad Beyond Education,Migration and Scholarship Fair 2026 နိုင်ငံတကာပညာရေးပြ...

‎Information Hub of Myanmar နှင့် IHM International College တို့မှကြီးမှူး၍ Study Abroad Beyond Education,Migration and Scholarship Fair 2026 နိုင်ငံတကာပညာရေးပြပွဲကို မတ် ၁ ရက်နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ကျင်းပသွားမည်ဖြစ်သည်။ပြပွဲတွင် ယူကေ၊ ဂျာမနီ၊ စပိန်၊ ဆွတ်ဇာလန်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့အပါအဝင် နိုင်ငံအများအ ပြားမှ တက္ကသိုလ်များ၊ ကောလိပ်များက ပညာသင်ဆုအခွင့်အလမ်းများ၊ ကျောင်းလျှောက်ရန်လိုအပ်သည့် Entry Requirements များအား အသေးစိတ်ဆွေးနွေးပေးသွားမည်ဖြစ်သည်။အဆိုပါ ပညာရေးပြပွဲအား မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးအခွင့်အလမ်းများမျှ ဝေပေးရန်၊ နိုင်ငံတကာမှ တက္ကသိုလ်များနှင့် ချိတ် ဆက်ကူညီပေးရန်၊ မြန်မာနိုင်ငံ၏ ပညာရေးကိုပိုမိုဖွံဖြိုးစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ရာ အသေးစိတ်သိ ရှိလိုပါက ဖုန်း ၀၉-၈၈၀ ၂၃၂ ၄၈၇ နှင့် ၀၉- ၈၈၀၂၃၂ ၄၈၇ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။


news-view-count-icon

20