back

ထိုင်းက မြန်မာ ၇၀ ဦးကို ကော့သောင်းဘက် ပြန်လွှဲ၊ ယခုလအတွင်း ဒုတိယမြောက်လွှဲပြောင်းမှုဖြစ်

Feb 20 • 1:45 PM

breaking-news

Thailand

Local News

cover

ထိုင်းက မြန်မာ ၇၀ ဦးကို ကော့သောင်းဘက် ပြန်လွှဲ၊ ယခုလအတွင်း ဒုတိယမြောက်လွှဲပြောင်းမှုဖြစ်

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၇၀ ခန့်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကော့သောင်းဘက်သို့ နေရပ်ပြန်ပို့လိုက်ကြောင်း ရနောင်းလဝက က ထုတ်ပြန်သည...

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၇၀ ခန့်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကော့သောင်းဘက်သို့ နေရပ်ပြန်ပို့လိုက်ကြောင်း ရနောင်းလဝက က ထုတ်ပြန်သည်။ ယခု ၂၀၂၆ ခုနှစ် နှစ်သစ် ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦးနှင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တစ်ကြိမ် ၅၈ ဦး နေရပ်ပြန်ပို့ခဲ့သည်။ ထို့ကြောင့် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် နေရပ်ပြန်ပို့ခြင်းဖြစ်ပြီး တစ်လအတွင်း ၁၂၈ ဦး နေရပ်ပြန်ပို့ပြီးဖြစ်သည်။ ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်သည်။



news-view-count-icon

11