back

ဂျပန်နိုင်ငံမှာ လာမယ့် ဧပြီလမှစ လေယာဉ်ပေါ် Power Bank အသုံးပြုမှု ပိတ်ပင်မည်

Feb 20 • 1:46 PM

breaking-news

Japan

Local News

cover

ဂျပန်နိုင်ငံမှာ လာမယ့် ဧပြီလမှစ လေယာဉ်ပေါ် Power Bank အသုံးပြုမှု ပိတ်ပင်မည်

ဂျပန်နိုင်ငံမှာ လေယာဉ်စီးနင်းစဉ်အတွင်း မီးလောင်မှုဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် လာမယ့် ဧပြီလမှစ လေယာဉ်ပေါ်မှာ Power Bank (သယ်ဆောင်ရလွယ်ကူသော ဘက်ထရီ...

ဂျပန်နိုင်ငံမှာ လေယာဉ်စီးနင်းစဉ်အတွင်း မီးလောင်မှုဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် လာမယ့် ဧပြီလမှစ လေယာဉ်ပေါ်မှာ Power Bank (သယ်ဆောင်ရလွယ်ကူသော ဘက်ထရီအားသွင်းစက်) တွေ အသုံးပြု ခြင်းကို တားမြစ်ပိတ်ပင်တော့မယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) မှ ထုတ်ပြန်တဲ့ စည်းကမ်းချက်အသစ်တွေအရ ခရီးသည်တွေဟာ လေယာဉ်ပေါ်မှာ Power Bank အသုံးပြုပြီး အီလက်ထရွန်နစ် ပစ္စည်းတွေကို အားသွင်းခြင်း (သို့) လေယာဉ်ထိုင်ခုံရှိ လျှပ်စစ်ပေါက်များမှတစ်ဆင့် Power Bank ကို အားပြန်သွင်း ခြင်းတို့ကို ပြုလုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ 




news-view-count-icon

3