back

ဖူးခက်တွင် မြန်မာတစ်ဦး ကားမောင်းလာစဉ် မီးနီစောင့်နေသော ဆိုင်ကယ်ခြောက်စီးကို ဝင်တိုက်

Feb 20 • 1:44 PM

breaking-news

Thailand

Local News

cover

ဖူးခက်တွင် မြန်မာတစ်ဦး ကားမောင်းလာစဉ် မီးနီစောင့်နေသော ဆိုင်ကယ်ခြောက်စီးကို ဝင်တိုက်

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့ဖြစ်သော ဖူးခက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး အရက်မူးပြီး ကားမောင်းလာစဉ် မီးပွိုင့်တွင် မီးနီစောင့်နေသော ဆိုင်ကယ်များကို ဝ...

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့ဖြစ်သော ဖူးခက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး အရက်မူးပြီး ကားမောင်းလာစဉ် မီးပွိုင့်တွင် မီးနီစောင့်နေသော ဆိုင်ကယ်များကို ဝင်တိုက်သဖြင့် ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၉ ရက် ည ၇ နာရီခန့်က မြန်မာနိုင်ငံသား မောင်းလာသော ပစ်ကပ်ကားသည် ဖူးခက်မြို့ ချလောင်ဒေသ လမ်းဆုံမီးပွိုင့်တွင် မီးနီစောင့်နေသော ဆိုင်ကယ် ခြောက်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်ခံရသောကြောင့် ပစ္စည်းပို့သော ထိုင်းနိုင်ငံသားတစ်ဦး ဆိုင်ကယ်နှင့်အတူ ဒရွတ်တိုက်ပါသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ နောက်ထပ် နိုင်ငံခြားသား ကလေးငယ်တစ်ဦးအပါအဝင် အခြားသူများလည်း ကားတိုက်ခံရမှုကြောင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း‌ ဆိုသည်။ လက်ရှိတွင် ကားတိုက်မှုဖြစ်စဉ်နှင့် ပက်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဥပဒေအရ ဆက်လက်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။









news-view-count-icon

8