“ဒီပွဲကိုတော့ ပြတ်ပြတ်သားသားနဲ့ အလဲထိုးပြတာမျိုး လုပ်ပြချင်ပါတယ်။ အဲဒီလို လုပ်ပြနိုင်ခဲ့ရင် နောက်ပွဲမှာ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်လည်း ရချင်ပါတယ်" လို့ကယန်းဖိုက်တာမလေး ဗရော်နီကာက ပြောကြားလိုက်ပါတယ်။ ဒီနေ့ညမှာ ကျင်းပဖို့ရှိတဲ့ One ပွဲရဲ့ ခေါင်ပွဲ (Main Event) ကို ပထမဆုံးအကြိမ် ထိုးရမယ့် ဗရော်နီကာက သူမရဲ့ ပြိုင်ဘက် ရှီးယားကိုဟန်ကို အလဲထိုးနဲ့ အနိုင်ယူပြီး ချန်ပီယံစိန်ခေါ်ခွင့်ရဖို့အထိ ရည်မှန်းထားကြောင်း အခုလို ဖွင့်ဟလိုက်တာပါ။



