တရုတ်အစိုးရသည် ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်တွင် အလွန်သွက်လက်တိကျသည့် ကွန်ဖူးစွမ်းရည်ပြ လူတူစက်ရုပ် (Humanoid Robots) တပ်ဖွဲ့ငယ်ကို ထုတ်ဖော်ပြသခဲ့ရာ ယင်းစက်ရုပ်များသည် ရိုးရာသိုင်းပညာနှင့် ကျွမ်းဘားအတတ်ပညာရပ်များကိုပါ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခြင်းကြောင့် ကမ္ဘာ့နည်းပညာလောကကို အံ့အားသင့်စေခဲ့သည်။ တရုတ် Unitree ကုမ္ပဏီက ယခုနှစ်အတွင်း ဒေါ်လာ ၁၄,၂၀၀ တန် လူသားစက်ရုပ်ပေါင်း ၂ သောင်းအထိ ထုတ်လုပ်ရန် ရည်မှန်းထားပြီး လက်ရှိတွင် စက်မှုနှင့် လူမှုစောင့်ရှောက်ရေးကဏ္ဍများ၌ သန်းနှင့်ချီ၍ အသုံးပြုနေပြီဖြစ်သည်။ သို့သော်လည်း အနောက်နိုင်ငံများနှင့် နည်းပညာပညာရှင်များက တရုတ်၏ အဆိုပါအဆင့်မြင့်စက်ရုပ်များသည် ကိုယ်ရေးအချက်အလက်ခိုးယူခြင်းနှင့် စစ်ရေးအရ အန္တရာယ်ရှိသော တိုက်ခိုက်မှုများတွင် အသုံးပြုလာနိုင်ခြေရှိသဖြင့် အထူးသတိပြုရန် သတိပေးလျက်ရှိကြောင်း သိရသည်။
| 10 | 0 | 0 | 0 |


