ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ဗိုလ်ချုပ်လမ်းတွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ပပျောက်စေရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ စစ်ဆေးရာတွင် ယာဉ်မောင်းလိုင်စင် ပါရှိစေရေး၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး၊ သတ်မှတ်လူဦးရေထက် ပိုမစီးရေးနှင့် ပါဝါအိတ်ဇော တပ်ဆင်ခြင်းမပြုရေး စသည့် ယာဉ်စည်းကမ်းဆိုင်ရာများကို အသိပေးပြောကြားကာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး၊ ပညာပေးကာလ ပြီးဆုံးပါက စည်းကမ်းဖောက်ဖျက်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 20 • 4:25 AM
Myanmar
Shan
Share
| 18 | 0 | 0 | 0 |


