ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၇) ကြိမ်မြောက် မသိုးရွှေသင်္ကန်း ယက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲတွင် မိုးပျံပူဖောင်းများနှင့်အတူ ထည့်သွင်းလွှင့်တင်ခဲ့သည့် ဂေါပကအဖွဲ့တံဆိပ်ပါ အလံအား ပဲခူးတိုင်း၊ ဇောင်းတူကျေးရွာရှိ တောတွင်းတစ်နေရာ၌ ပြန်လည်တွေ့ရှိခဲ့သည့် မိသားစုကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ် ၅ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ကျင်းပမြဲဖြစ်သည့် အဆိုပါ မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲတွင် ယခုကဲ့သို့ ဂုဏ်ပြုဆုငွေပါသော အလံများ လွှင့်တင်သည့် အစဉ်အလာအတိုင်း ယခုနှစ်တွင်လည်း ပဲခူးတိုင်းအထိ လွင့်ပါးသွားခဲ့သည့် အလံအားတွေ့ရှိသူကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။
ရွှေတိဂုံစေတီတော်မှ လွှင့်တင်ခဲ့သည့် မိုးပျံအလံအား ပဲခူးတိုင်းတွင် တွေ့ရှိသူမိသားစုကို ဂုဏ်ပြုဆုငွေ ကျပ် ၅ သိန်း ချီးမြှင့်
Feb 20 • 4:23 AM
Myanmar
Yangon
Share
| 27 | 0 | 0 | 0 |


