စင်ကာပူတွင် ကျင်းပမည့် BTS အဖွဲ့၏ "Arirang World Tour" ဖျော်ဖြေပွဲကြီး နီးကပ်လာချိန်တွင် ပရိသတ်များကို လှည့်ဖြား၍ ငွေကြေးနှင့် ကိုယ်ရေးအချက်အလက်များ ခိုးယူသည့် ဝက်ဘ်ဆိုက်အတုများ ပေါ်ပေါက်နေကြောင်း Kaspersky ဆိုင်ဘာလုံခြုံရေးကုမ္ပဏီက သတိပေးလိုက်သည်။ လိမ်လည်သူများသည် တရားဝင် Weverse Platform နှင့် ပုံစံတူ ဝက်ဘ်ဆိုက်များဖန်တီးကာ အသင်းဝင်ကြေးနှင့် ပစ္စည်းဝယ်ယူမှုများအတွက် ငွေပေးချေရန် သိမ်းသွင်းနေကြပြီး၊ ယင်းသို့ ငွေပေးချေမိပါက ဘဏ်အချက်အလက်များပါ ခိုးယူခံရနိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့ကြောင့် ပရိသတ်များအနေဖြင့် လက်မှတ်ဝယ်ယူခြင်းနှင့် ငွေပေးချေမှုများ မပြုလုပ်မီ URL လိပ်စာ မှန်ကန်မှု ရှိ၊ မရှိနှင့် တရားဝင်အကောင့်များမှ ညွှန်းဆိုသည့် Link ဟုတ်၊ မဟုတ်ကို သေချာစွာ စစ်ဆေးကြရန် တိုက်တွန်းထားကြောင်း သိရသည်။
| 11 | 0 | 0 | 0 |


