ဂျပန်နိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်မည့်သူများအတွက် လာမည့် ဧပြီလမှစတင်ကာ လေယာဉ်စီးနင်းနေစဉ်အတွင်း Power Bank အသုံးပြုခြင်းနှင့် Power Bank ကို ပြန်လည်အားသွင်းခြင်းတို့ကို ဂျပန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက လုံးဝပိတ်ပင်တော့မည်ဖြစ်ကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် ဘက်ထရီအပူလွန်ကဲ၍ မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် လေကြောင်းလုံခြုံရေးအတွက် ယခုကဲ့သို့ တင်းကျပ်လိုက်ခြင်းဖြစ်ပြီး၊ ခရီးသည်များအနေဖြင့် Power Bank များကို Hand Carry အိတ်ဖြင့်သာ သယ်ဆောင်ရမည်ဖြစ်ကာ 20,000mAh အောက်ဆိုလျှင် ကန့်သတ်ချက်မရှိ၊ 20,000mAh မှ 32,000mAh ကြားဆိုလျှင် (၂) လုံးအထိသာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။ ထို့ပြင် သယ်ဆောင်မည့် Power Bank များပေါ်တွင် ပမာဏ (mAh/Wh) နှင့် စံချိန်စံညွှန်းသင်္ကေတများ (CE, FCC, PSE စသည်) ရှင်းလင်းစွာ ပါရှိရမည်ဖြစ်ပြီး၊ လေယာဉ်ပေါ်ရှိ USB အပေါက်များမှတစ်ဆင့် ဖုန်းကို တိုက်ရိုက်အားသွင်းခြင်းကိုမူ ဆက်လက်ခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။
Feb 20 • 4:17 AM
Japan
Local News
Share
| 23 | 0 | 0 | 0 |


