back

စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်တွင် ကားမီးလောင်မှုဖြစ်ပွား

Feb 20 • 4:16 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းမြို့ သောတာပန်ရပ်ကွက်တွင် ကားမီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ တောတောင်ဘီးလူးကျောင်းတွင် ဖေဖေါ်ဝါရီ ၁၈ရက် ညနေ ၁၇ ၂၅ အချိန်ခန့်က ကားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ တောတောင်ဘီးလူးကျောင်းတွင် ဖေဖေါ်ဝါရီ ၁၈ရက် ညနေ ၁၇ ၂၅ အချိန်ခန့်က ကားမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၃)စီး၊ စိန်ကုန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ထုံးဘိုအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သုခကာရီလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သီတဂူရေအလှူတော်မှ ရေသယ်ယာဉ်(၁)စီး၊ အိုးဘိုလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းသားများဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြပြီးညနေ ၁၈ ၁၆ အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။

news-view-count-icon

21