back

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ပြင်ဆင်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

Feb 20 • 4:12 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ပြင်ဆင်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာသို့ သွားရောက်၍ ကျင်းပပြုလုပ်မည့် (၆၄) နှစ...

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာသို့ သွားရောက်၍ ကျင်းပပြုလုပ်မည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် စိုက်ခင်းများ ပြင်ဆင်ထားရှိမှု၊ ပိုးမွှားကင်းစင်ရေးနှင့် တောင်သူများအတွက် မွေးမြူရေးအသိပညာပေးပြသနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် ရွှေမြင်တင်ကျေးရွာရှိ (၅.၅) ဖာလုံရှည် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ကိုးသိန်းအားကစားကွင်းအတွင်း ဖူဆယ်အားကစားရုံသစ် ဆောက်လုပ်နေမှုများကိုပါ ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

34