back

ရန်ကုန်နှင့် မန္တလေးရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အထင်ကရအဆောက်အအုံ ၁၀ လုံးကို ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်

Feb 20 • 4:13 AM

breaking-news

Myanmar

Local

cover

ရန်ကုန်နှင့် မန္တလေးရှိ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အထင်ကရအဆောက်အအုံ ၁၀ လုံးကို ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သမိုင်းဝင်အဆောက်အအုံ ၁၀ လုံးကို ရှေးဟောင်းအဆောက်အအုံများအဖြစ် အသစ်သတ်မှတ်လိုက်ရာ မန္တလေးမြို့...

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သမိုင်းဝင်အဆောက်အအုံ ၁၀ လုံးကို ရှေးဟောင်းအဆောက်အအုံများအဖြစ် အသစ်သတ်မှတ်လိုက်ရာ မန္တလေးမြို့တွင် မန္တလေးတက္ကသိုလ် ပင်မဆောင်၊ နယ်မြေအင်ဂျင်နီယာရုံး၊ အနုပညာခန်းမ၊ လူထုစာအုပ်ဆိုင်နှင့် ရတနာပုံအဆောက်အအုံတို့ ပါဝင်ပြီး၊ ရန်ကုန်တိုင်းတွင်မူ ဗဟန်းမြို့နယ်ရှိ နမူနာစံကျောင်း၊ ပါဠိတက္ကသိုလ်အောက်ကျောင်း၊ သုဇိတာဝီသိမ်တော်၊ အလယ်တောရစံပြစာသင်တိုက်နှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

30