စင်ကာပူနိုင်ငံမှာ မြင်းစီးအားကစားနည်းဟာ တစ်ကျော့ပြန် ခေတ်စားလာနေပြီး သင်တန်းတက်ရောက်လိုသူတွေ သိသိသာသာ များပြားလာနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဒီနှစ်ဟာ မြန်မာ့ရိုးရာနဲ့ တရုတ်ရိုးရာအရ မြင်းနှစ်ဖြစ်တာကြောင့်လည်း စိတ်ဝင်စားမှု ပိုမြင့်တက်လာတာဖြစ်ပြီး မြင်းစီးသင်တန်းကျောင်းတချို့မှာဆိုရင် စုံစမ်းမေးမြန်းသူ အရေအတွက်ဟာ ၁၅ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာနေပါတယ်။Bukit Timah Saddle Club (BTSC) လို နာမည်ကြီး မြင်းစီးကွင်းတွေမှာဆိုရင် ကလေးငယ်တွေတင်မကဘဲ လူကြီးတွေပါ ဝါသနာတကြီး လာရောက်စီးနင်းကြတာကို တွေ့ရပါတယ်။ အရင်ကတော့ မြင်းစီးတာဟာ ချမ်းသာတဲ့သူတွေပဲ လုပ်နိုင်တဲ့ အလှမ်းဝေးတဲ့ အားကစားတစ်ခုလို့ ထင်မှတ်ခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ သာမန်မိသားစုတွေနဲ့ ဒေသခံအသိုက်အဝန်းကြားထဲကိုပါ ပျံ့နှံ့ရောက်ရှိလာတာပါ။ စင်ကာပူနိုင်ငံသား မြင်းစီးအားကစားသမားတွေဟာ ပြီးခဲ့တဲ့ ထိုင်းနိုင်ငံ SEA Games ပြိုင်ပွဲမှာလည်း ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒါဟာ လူငယ်တွေအတွက် အားကျစရာ အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
| 11 | 0 | 0 | 0 |


