၁၆ ကြိမ်မြောက် ခြင်္သေ့ ၊ နဂါးအက အလှပြိုင်ပွဲမှာ Professional ခြင်္သေ့အကအလှ ပထမဆုကို ကျပ် သိန်း ၇၀ အထိ ချီးမြှင့်ခဲ့တယ်လို့ မြန်မာနိုင်ငံ တရုတ်ရိုးရာခြင်္သေ့ ၊ နဂါးအက အဖွဲ့ချုပ်က သိရပါတယ်။
၂၀၂၆ ခုနှစ် တရုတ်ရိုးရာခြင်္သေ့ ၊ နဂါးအက အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ၁၆ ကြိမ်မြောက် ခြင်္သေ့ ၊ နဂါး အက အလှပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ စဉ့်အိုးတန်းလမ်း အလယ်ဘလောက်မှာ ကျင်းပနေတာပါ။
ပြိုင်ပွဲမှာ မျိုးဆက်သစ် ခြင်္သေ့အကအလှပြိုင်ပွဲမှာ မျိုးဆက်သစ် ခြင်္သေ့အကအဖွဲ့ ၄ ဖွဲ့ ၊ Professional ခြင်္သေ့ အက အလှပြိုင်ပွဲမှာ Professional ခြင်္သေ့အကအဖွဲ့ ၆ ဖွဲ့နဲ့ နဂါးအက အလှပြိုင်ပွဲမှာ နဂါးအကအဖွဲ့ ၇ ဖွဲ့ စုစု ပေါင်း ၁၇ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။မျိုးဆက်သစ် ခြင်္သေ့အကအလှပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပခဲ့ပြီး Professional ခြင်္သေ့အက အလှ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ကျင်းပခဲ့ကာ ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ နဂါးအက အလှပြိုင်ပွဲကို ကျင်းပမှာ ပါ။


