back

ပြည်တွင်း၌ ကြက်သွန်နီ အရောင်း သွက်နေ

Feb 20 • 2:37 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ကြက်သွန်နီ အရောင်း သွက်နေ

ပြည်တွင်း၌ ကြက်သွန်နီ ဈေးနှုန်းကျဆင်းသွားသော်လည်း အစိုးရရုံးပိတ်ရက်အတွင်း ကြက်သွန်နီ အရောင်းသွက်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပွဲရုံများထံမှ သိရသည်။ အစို...

ပြည်တွင်း၌ ကြက်သွန်နီ ဈေးနှုန်းကျဆင်းသွားသော်လည်း အစိုးရရုံးပိတ်ရက်အတွင်း ကြက်သွန်နီ အရောင်းသွက်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပွဲရုံများထံမှ သိရသည်။ အစိုးရရုံးပိတ်ရက်များကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင် ပိတ်ထားသော်လည်း ကြက်သွန်ကားအဝင်များပြားနေကာ ဖေဖော်ဝါရီလအစပိုင်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ်ခန့် ဈေးကျဆင်းနေသော်လည်း အရောင်းအဝယ်မှာမူ သွက်လက်နေခြင်းဖြစ်သည်။လက်ရှိ ဘုရင့်နောင်ပွဲရုံများတွင် မြင်းခြံနှင့် ဆိပ်ဖြူကြက်သွန် တစ်ပိဿာလျှင် အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ၁,၅၀၀ ကျပ်မှ ၁,၈၀၀ ကျပ်၊ မြစ်သားကြက်သွန် တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်မှ ၂,၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။တောင်သူများအနေဖြင့် နွေကြက်သွန်များကို အရည်အသွေးမီအောင် စိုက်ပျိုးပြီး လိုအပ်သလောက်သာ ထုတ်ရောင်းမည်ဆိုပါက ကြက်သွန်ဈေး ထပ်မံကျဆင်းရန် လွယ်ကူမည်မဟုတ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

news-view-count-icon

27