ရခိုင်ပြည်အတွင်း ဆီထွက်သီးနှံတစ်ခုဖြစ်တဲ့ မုန်ညှင်းကို စိုက်ပျိုးသူတွေ အခုနောက်ပိုင်း သိသိသာသာနည်းပါးလာတယ်လို့ သိရပါတယ်။ရခိုင်တွင် တိုက်ပွဲများ မဖြစ်ပွားမီက မုန်ညှင်းကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲနှင့် သံတွဲ စသည့်မြို့နယ်များ၌ စီးပွားဖြစ်စိုက်ပျိုးသူ များပြားခဲ့တယ်လို့ သိရပါတယလက်ရှိစိုက်ပျိုးသူတွေမှာလည်း ကိုယ့်မိသားစု မုန်ညှင်းဆီသုံးစွဲဖို့ တနိုင်တပိုင်သာစိုက်ပျိုးကြတာသာဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က တနိုင်တပိုင် မုန်ညှင်းစိုက်ပျိုးသူ ဦးစံအောင်ကျော်က ပြောပါတယ်။မုန်ညှင်းကိုစိုက်ပျိုးခဲ့ချိန်က ကုန်ဈေးနှုန်းတွေအဆမတန်မြှင့်နေမှု၊ သွင်းအားစုတွေဖြစ်တဲ့ မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ ထွန်ယက်ခတွေ ဈေးကြီးနေမှုတွေကြောင့် အကုန်အကျပိုများခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ လက်ရှိ မုန်ညှင်းပေါ်ချိန်မှာ အရှုံးမရှိပေမဲ့လည်း အမြတ်ငွေ များများစားစားရရှိဖို့ အခြေအနေမရှိဖြစ်နေတယ်လို့ ကျောက်တော်မြို့နယ်အတွင်း မုန်ညှင်းတနိုင်တပိုင်စိုက်ပျိုးထားသူတစ်ဦးက ပြောပါတယ်။



