တရုတ်ပြက္ခဒိန်အရ နှစ်ဆန်း နှစ်ရက်နေ့တွင် တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်းရှိ ချင်းသောင်ဆိပ်ကမ်း ချန်ဝမ်းကွန်တိန်နာဆိပ်ကမ်း၌ သင်္ဘောရပ်နားနေရာတွင် နေရာပြည့် ထိရောက်စွာ လည်ပတ်လျက်ရှိသည်။ ဥရောပ၊ မြေထဲပင်လယ်၊ အရှေ့တောင်အာရှ၊ အလယ်နှင့်တောင်အမေရိက လမ်းကြောင်းများမှလာသော ကွန်တိန်နာသင်္ဘော ၂၀ ကျော်သည် ဆိပ်ကမ်းသို့ တစ်စုတစ်စည်း ရောက်ရှိလာခဲ့ပြီး စံကွန်တိန်နာ ၈,၀၀၀ ကျော် တင်ဆောင်ထားသော သင်္ဘော ၈ စီးအထိ ရှိခဲ့သည်။ ၎င်းတို့အနက် အရှည် ၃၉၉ မီတာရှိသော MSC Mette သင်္ဘော၏ ဆိပ်ကမ်း၌ ကုန်တင်ကုန်ချပမာဏမှာ စံကွန်တိန်နာ ၂၄,၀၀၀ အထိ ရောက်ရှိကာ နွေဦးပွဲတော်ကာလ လှုပ်ရှားမှုအတွင်း တစ်စင်းတည်း လုပ်ငန်းဆောင်ရွက်မှု ကွန်တိန်နာအရေအတွက် စံချိန်သစ် တင်နိုင်ခဲ့သည်။
တရုတ်နိုင်ငံ၊ဆန်းတုန်းဆိပ်ကမ်းရှိ ချင်းသောင်ဆိပ်ကမ်း နွေဦးပွဲတော်ကာလအတွင်းအင်တိုက်အားတိုက် လည်ပတ်လျက်ရှိ
Feb 20 • 1:38 AM
China
Local News
Share
| 10 | 0 | 0 | 0 |


