တရုတ်နိုင်ငံ ဗဟိုအစိုးရက တိုက်ရိုက်စီမံခန့်ခွဲသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) သည် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ၂၀၂၅ ခုနှစ်တွင် သုတေသနနှင့် ဖွံ့ဖြိုးမှု (R&D) ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံပိုင်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ R&D ကဏ္ဍ၌ ငွေကြေးသုံးစွဲမှုမှာ ယမန်နှစ်က ယွမ် ၁.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈.၅၁ ဘီလီယံခန့်) ရှိခဲ့ရာ နှစ်အလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စံသတ်မှတ်ချက်ဖြစ်သည့် ယွမ် ၁ ထရီလီယံပမာဏကို လေးနှစ်ဆက်တိုက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နိုင်ငံပိုင်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မရှင်၏ အဆိုအရ သိရသည်။
R&D ကဏ္ဍတွင် ပြန်လည်ရင်းနှီးမြှုပ်နှံသည့် ဝင်ငွေအချိုးအစားဖြစ်သည့် R&D intensity ပမာဏသည် ယမန်နှစ်တွင် ၂.၈၆ ရာခိုင်နှုန်းရှိခဲ့သည်ဟု အချက်အလက်များတွင် ဖော်ပြထားသည်။


