မွန်အမျိုးသားပညာရေးဌာနမှ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၅ ဦးကို ဘွဲ့လက်မှတ်များ ချီးမြှင့်ခဲ့သည်။မွန်အမျိုးသားကောလိပ်မှ ပထမဆုံးအကြိမ် ဘွဲ့ပေးနိုင်ခဲ့ခြင်းသည် မွန်တို့၏ သမိုင်းတွင် ပညာရေးနှင့် ပတ်သက်၍ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က ပြောသည်။“ဒါက ကျနော်တို့ အောင်မြင်မှု ကြီးကြီးမားမား တစ်ခုဖြစ်တယ်။ ဒါက ကျနော်တို့ရဲ့ မွန်ရာဇဝင်ထဲမှာ ပညာရေး ပေါ့နော် ပညာရေးအပိုင်း ကျနော်တို့ မွန်ရာဇဝင်ထဲမှာ ဒါက ပထမဆုံး ကောလိပ်ဒီဂရီ ပေးတဲ့ ပွဲနှင်းသဘင် ဖြစ်တယ်။ ဒါက ကျနော်တို့ မွန်လူမျိုးတွေ အားလုံးရဲ့ ဂုဏ်ယူတယ်။ ကျနော်တို့လည်း ဒါက ဆက်ပြီးတော့ ပေးသွားဖို့လည်း ရှိတယ်။ ဒါက နောက်နှစ်ကျရင်လည်း ကျနော်တို့ ကျောင်းသားတွေ တစ်နှစ် တစ်ရာလောက် ဆိုတာ နှစ်တိုင်း သူတို့က ဒီဂရီ ရဖို့ရှိတယ်။ အဲဒါလေး ဆက်ပေးသွားဖို့လည်း ရှိတယ်ပေါ့နော်" ဟု ၎င်းက ပြောသည်။
Feb 20 • 1:36 AM
Myanmar
Mon
Share
| 23 | 0 | 0 | 0 |


