နွေရာသီမွန်စာပေသင်တန်းများကို မွန်ဒေသအသီးသီးတွင် စတင်ဖွင့်လှစ် သင်ကြားပေးနေပြီးဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများမှ သိရသည်။မုဒုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများ၌ တပေါင်းလဆန်း ၄ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နွေရာသီမွန်စာပေသင်တန်းများ စတင်ဖွင့်လှစ်နေပြီး ကျန်မြို့နယ်များတွင် ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများနှင့်ချိတ်ဆက်၍လည်းကောင်း ဖွင့်လှစ်သင်ကြားနေပြီးဖြစ်သည်။ယနေ့ခေတ် ကျောင်းသားလူငယ်များ ဦးစားပေးသင်ကြားနေသည့် ကွန်ပျူတာ၊ အင်္ဂလိပ်နှင့် ကျူရှင်များမဖွင့်မီ လက်ဦးဖွင့်လှစ်ရသဖြင့် ယခုနှစ်မွန်စာပေသင်တန်းကို ကြိုတင်ဖွင့်လှစ်ဖြစ်ခဲ့ကြောင်းလည်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် မုဒုံဆရာတော်တစ်ပါးမှ မိန့်သည်။



