နယူးကာဆယ်အသင်းတောင်ပံကစားသမား ဂေါ်ဒွန်က အလန်ရှီးယားရဲ့ ချန်ပီယံလိဂ်သွင်းဂိုးမှတ်တမ်းကို ကာရာဘတ်အသင်းနဲ့ ချန်ပီယံလိဂ် Play off ပွဲမှာ ကျော်ဖြတ်ခဲ့ပါတယ်။ကာရာဘတ်အသင်းနဲ့ ချန်ပီယံလိဂ် Play off အဝေးကွင်းပွဲမှာ နယူးကာဆယ်အသင်းက (၆)ဂိုး (၁)ဂိုးနဲ့ အနိုင်ရပြီး ဂေါ်ဒွန်က လေးဂိုးသွင်းယူခဲ့ပါတယ်။ ဂေါ်ဒွန်က နယူးကာဆယ်အသင်းအတွက် ပယ်နယ်တီကနေ နှစ်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပြီး သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးက (၁၀)ဂိုးအထိရှိလာခဲ့ပါတယ်။ဒါကြောင့် အလန်ရှီးယားရဲ့ နယူးကာဆယ်အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးမှတ်တမ်း (၆)ဂိုးကို ဂေါ်ဒွန် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
Feb 20 • 1:39 AM
Myanmar
International
Share
| 25 | 0 | 0 | 0 |


