back

ထိုင်းတွင် ကြောင်အား နှလုံးစက် ထည့်သွင်းကုသမှု ပထမဆုံး အောင်မြင်

Feb 19 • 7:38 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် ကြောင်အား နှလုံးစက် ထည့်သွင်းကုသမှု ပထမဆုံး အောင်မြင်

ထိုင်းနိုင်ငံတွင် ကြောင်တစ်ကောင်အတွင်း နှလုံးကြိမ်နှုန်းထိန်းစက် ထည့်သွင်းကုသနိုင်ခဲ့မှုကို ချူလာလောင်ကွန်းတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုသရေး ဆရာဝန်များက ပထမဆုံးအကြ...

ထိုင်းနိုင်ငံတွင် ကြောင်တစ်ကောင်အတွင်း နှလုံးကြိမ်နှုန်းထိန်းစက် ထည့်သွင်းကုသနိုင်ခဲ့မှုကို ချူလာလောင်ကွန်းတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကုသရေး ဆရာဝန်များက ပထမဆုံးအကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ပက်စီဟု ခေါ်သော ရှစ်နှစ်သား အမွှေးတို အိမ်မွေးကြောင်သည် ခွဲစိတ်ကုသမှု မလုပ်ခင်က နှလုံးခုန်နှုန်း မမှန်သောကြောင့် မူးဝေပြီး တစ်နေ့လျှင် သုံး၊ လေးကြိမ်ခန့် လဲကျနေခဲ့သည်။

ခွဲစိတ်မှု ခံယူပြီးနောက်တွင် ကြောင်လေးက အပြည့်အဝ ပြန်လည် ကျန်းမာနေပြီဖြစ်ကာ ဆော့ကစားတတ်သော ၎င်း၏ပုံစံအတိုင်း ပုံမှန် ကျန်းမာသောဘဝကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။ကြောင်လေး၏ သွေးကြောများ သေးငယ်မှုနှင့် ပါးလွှာ သော နှလုံးနံရံများကြောင့် ခွဲစိတ်မှုလုပ်ရခြင်းမှာ အလွန်ရှုပ်ထွေးပြီး ရင်ဘတ်ကို ဖွင့်၍ တိုက် ရိုက်ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုခဲ့ရသည်။ကြောင်လေးပက်စီ၏ မူမမှန်သော နှလုံးခုန်နှုန်း မှန်ကန်သွားစေရန် ချူလာလောင်ကွန်းတက္ကသိုလ် တိရစ္ဆာန်ဆေး ကုသရေးဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအနုဆစ်ကစ်တာဝန်ရတ်နှင့် အဖွဲ့က လူသားများတွင် အသုံးပြုသော နှ လုံးကြိမ်နှုန်းထိန်းစက်ကို ပြုပြင်၍ ထည့်သွင်းကုသပေးခဲ့ကြသည်။

ပက်စီအား ခွဲစိတ်ကုသမှုသည် နည်းစနစ်ပိုင်းအရ စိန်ခေါ်မှုတစ်ခုဖြစ်သလို ထိုင်းနိုင်ငံ၏ တိရစ္ဆာန်နှလုံးကုသမှုတွင် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း ဒေါက်တာအနုဆစ်က ဆိုသည်။


news-view-count-icon

19