menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၆၁၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကျင်းပမည်

Feb 19 • 7:42 AM

breaking-news

Myanmar

Local

breaking-newsbreaking-news

Share

share-news
cover

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၆၁၄)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ကျင်းပမည်

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၆၁၄)ခုနှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကိုလာမည့် ဖေဖော်ဝါရီလ ၂၁ ရက်မှ မတ်လ ၂ ရက်နေ့အထိ (၁၃၈၇ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်မှ တပေ...

cover-photo

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၂၆၁၄)ခုနှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကိုလာမည့် ဖေဖော်ဝါရီလ ၂၁ ရက်မှ မတ်လ ၂ ရက်နေ့အထိ (၁၃၈၇ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ၁၀ ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။

ပွဲတော်ကာလ ၁၀ ရက်အတွင်း ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃပူဇာ ဟုဆိုအပ်သော ပူဇော်ခြင်းအမျိုးမျိုးတို့ဖြင့် ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း၊ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲကိုလည်း လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်မှာဖြစ်ပြီး ယင်းနေ့ နံနက် ၉ နာရီမှ မတ်လ ၂ ရက် တပေါင်းလပြည့်နေ့ နံနက် ၉ နာရီအထိ သံဃာတော် ၁၂၀ ပါးတို့က နာရီပေါင်း ၂၁၆ နာရီတိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြ မည်ဖြစ်ကြောင်းလည်း သိရပါတယ်။မတ်လ ၁ ရက်နေ့ (အဖိတ်နေ့) ညနေ ၄ နာရီတွင်လည်း ဘုရားအမှူးပြုသော ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာ ၁၂၁ ပါး၊ သီလရှင် ၂၇ ပါး၊ စုစုပေါင်း ၁၄၈ ပါးတို့အား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းစုရပ်မှစ၍ ရင်ပြင်တော် လက်ယာရစ် တစ်ပတ် ဆွမ်းဆန်တော် လောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့ဖြစ်သည့် မတ်လ ၂ ရက် နံနက် ၅ နာရီတွင် ရင်ပြင်တော်အောင်မြေ၌ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၉ နာရီတွင် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ပိတ်ပွဲ(အောင်ပွဲ) နှင့် ရေစက်ချအခမ်းအနား ကျင်းပခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။

news-view-count-icon

35

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထိုင်းတွင် ကြောင်အား နှလုံးစက် ထည့်သွင်းကုသမှု ပထမဆုံး အောင်မြင်

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

cover-photo
right-arrow-icon