ဂြိုဟ်တုဓာတ်ပုံတွေအရ အီရန်ဟာ မကြာသေးမီက စစ်ဘက်ဆိုင်ရာနေရာတစ်ခုမှာ ကွန်ကရစ်အကာအရံ ဒိုင်း တစ်ခုကို တည်ဆောက်ခဲ့ပြီး အဲဒါကို မြေကြီးထဲမှာ ဖုံးအုပ်ထားကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။ အစ္စရေးနဲ့ ၁၂ ရက်ကြာ စစ်ပွဲအတွင်းမှာလည်း အီရန်က ဥမင်လိုဏ်ခေါင်းဝင်ပေါက်တွေကို မြှုပ်နှံထားပြီး ပဋိပက္ခ အတွင်း ကျရောက်ခဲ့တဲ့ ဒုံးကျည်စခန်းတွေကိုလည်း ပြန်လည်ပြုပြင်ထားတယ်လို့ ဂြိုဟ်တုဓာတ်ပုံ ထုတ်ပြန်ချက် အရ သိရပါတယ်။ ဆွေးနွေးပွဲတွေ ပျက်ကွက်ရင် စစ်ရေးအရ အရေးယူမယ်လို့ အမေရိကန်က ခြိမ်းခြောက်နေချိန် မှာ တီဟီရန်အနေနဲ့ သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းဖို့ ကြိုးပမ်းနေသလို တစ်ဖက်ကလည်း အီရန်က သူ့ရဲ့ လှုပ်ရှားမှုတွေကို အရိပ်အမြွက် ပြသလာတာလည်း ဖြစ်ပါတယ်။



