ဘင်္ဂလားဒေ့ရှ်ရဲ့ ၁၃ ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ BNP က ၂၉၇ နေရာအနက် ၂၀၉ နေရာ ရရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ တာရစ်ရာမန်ဟာ နာမည်ပြောင်တစ်ခု ရနေတဲ့သဘော မြင်နေရပါတယ်။ အမျိုးသားရေးနိုင်ငံသားများပါတီ NCP နဲ့ ဂျာမက်အယ်အစ္စလာမီအဖွဲ့ဝင်တွေက ရာမန်ဟာ ရွေးကောက်ပွဲရလဒ်ကို လိုသလိုတည်ဆောက်နေတဲ့အတွက် အင်ဂျင်နီယာလို့ စွပ်စွဲခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ NCP ခေါင်းဆောင်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ "ဂုဏ်ယူပါတယ် အင်ဂျင်နီယာတာရစ်ရာမန်။ ၁၃ ကြိမ်မြောက် အမျိုးသားရွေးကောက်ပွဲအင်ဂျင်နီယာမှာ အနိုင်ရတဲ့အတွက် ဂုဏ်ပြုပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။ ဒီနောက် ဆိုရှယ်မီဒီယာပေါ်မှာ လူတွေက ရာမန်ကို စတင်ပြီး လှောင်ပြောင်သရော်တဲ့ သဘောတွေနဲ့ ရေးသားလာကြပါတယ်။ 
Feb 19 • 6:38 AM
Myanmar
International
Share
| 27 | 0 | 0 | 0 |


