back

အာဆင်နယ်အသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမယ်လို့ ရော့ဘ်အက်ဒ်ဝပ်စ် ပြောကြား

Feb 19 • 2:12 AM

breaking-news

Myanmar

International

cover

အာဆင်နယ်အသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမယ်လို့ ရော့ဘ်အက်ဒ်ဝပ်စ် ပြောကြား

ဝုလ်ဗ်အသင်းရဲ့နည်းပြ ရော့ဘ်အက်ဝပ်စ်က ဒီနေ့ည ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ဝုလ်ဗ်နဲ့ အ...

ဝုလ်ဗ်အသင်းရဲ့နည်းပြ ရော့ဘ်အက်ဝပ်စ်က ဒီနေ့ည ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ဝုလ်ဗ်နဲ့ အာဆင်နယ်အသင်းတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ရဲ့ ကြိုကန်ပွဲအဖြစ် ဒီနေ့ည မြန်မာစံတော်ချိန် (၂း၃၀)နာရီမှာ ယှဉ်ပြိုင်ကစားရမှာပါ။ဝုလ်ဗ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားတဲ့ အမှတ်ပေးဇယားအောက်ဆုံးကအသင်းဖြစ်ပြီး အာဆင်နယ်အသင်းက ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့အသင်း ဖြစ်ပါတယ်။ရော့ဘ်အက်ဒ်ဝပ်စ်ဟာ ဝုလ်ဗ်အသင်းရဲ့နည်းပြအဖြစ် နိုဝင်ဘာလကမှ ခန့်အပ်ခံထားရတာဖြစ်ပြီး (၁၇)ပွဲ ကိုင်တွယ်ရာမှာ (၃)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၁၀)ပွဲရှုံးနိမ့်ထားပါတယ်။

news-view-count-icon

24