back

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင်တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦး ဖမ်းဆီးခံရ

Feb 19 • 2:26 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင်တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း ဖိချိတ် (Phichit)ခရိုင်တွင်ဖေဖော်ဝါရီ ၁၇ ရက်က တရားမဝင် ဝင်ရောက်လာသည့်မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်...

ထိုင်းနိုင်ငံအလယ်ပိုင်း ဖိချိတ် (Phichit)ခရိုင်တွင်ဖေဖော်ဝါရီ ၁၇ ရက်က တရားမဝင် ဝင်ရောက်လာသည့်မြန်မာလုပ်သား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်း၏ဖော်ပြချက်အရ သိရသည်။ရဲတပ်ဖွဲ့သည် ဖိချိတ်ခရိုင် ၀ချီရာဘာရာမီမြို့နယ် နောင်လုံ ကျေးရွာအနီး ဖိစနု လောက်-နခွန်စဝမ် လမ်းမကြီး (အဝေးပြေးလမ်း ၁၁၇) ပေါ်၌အရှိန်ပြင်းစွာ မောင်းနှင်နေသည့် သံသယဖြစ်ဖွယ် ကားသုံးစီးကိုစစ်ဆေးရာက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကားများသည် ချင်းမိုင်လိုင်စင်များဖြစ်ကြပြီး ကားများပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၂၈ ဦးနှင့် ယာဉ်မောင်းသုံးဦးကို တွေ့ရှိဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူအားလုံးနှင့် သိမ်းဆည်းရမိသည့်ယာဉ်များကို ၀ချီရာဘာရာမီရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။




news-view-count-icon

13