ဖီယင်နုအသင်းဟာ ကစားသမားသစ် စတာလင် ပါဝင်နိုင်ဖို့အတွက် ဘယ်လ်ဂျီယံနိုင်ငံမှာ သွားရောက်လေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖေဖော်ဝါရီ(၁၂)မှာ ဖီယင်နုအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။ဖီယင်နုအသင်းနဲ့ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး Work Permit မရသေးတာကြောင့် နယ်သာလန်နိုင်ငံမှာ ကစားခွင့်ရော လေ့ကျင့်ခွင့်ပါ မရသေးပါဘူး။ဒါကြောင့် ဖီယင်နုနည်းပြ ဗန်ပါစီက ရော့တာဒမ်မြို့နဲ့ (၈၅)မိုင်ပဲ ကွာဝေးတဲ့ ဘယ်လ်ဂျီယံနိုင်ငံက တူးဘိဇ်မြို့မှာ သွားရောက်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ဗန်ပါစီက စတာလင်ကို အသင်းဖော်သစ်တွေနဲ့ မြန်မြန်ဆန်ဆန်အသားကျစေလိုတာကြောင့် အခုလို စီစဉ်ခဲ့ခြင်းဖြစ်ပြီး Work Permit ကိစ္စ အမြန်ဆုံးအပြီးသတ်နိုင်ဖို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။စတာလင်ဟာ တနင်္ဂနွေနေ့ ယှဉ်ပြိုင်ရမယ့် တယ်လ်စတားအသင်းနဲ့ပွဲမှာ ဖီယင်နုအသင်းအတွက် စတင်ကစားခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။
| 15 | 0 | 0 | 0 |


