ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ ကုမ္ပဏီပေါင်း ၁၁၀,၀၀၀ ကျော်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံသားတွေကို နာမည်ခံ (Nominee) အဖြစ် အသုံးပြုတာနဲ့ လိမ်လည်တဲ့ စာရင်းတွေ ဖွင့်လှစ်တာကို တားဆီးဖို့အတွက် အဓိက စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေရှိရာ ဘန်ကောက်၊ ချွန်ဘူရီ၊ ဖူးခက်နဲ့ ချင်းမိုင် အပါအဝင် အဓိက ပြည်နယ် ၁၂ ခုမှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn ရဲ့ ပြောကြားချက်အရ ထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီ ၇ သိန်း ၇ သောင်းကျော်အနက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ ကုမ္ပဏီပေါင်း ၁ သိန်း ၂ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေဟာ နာမည်ခံကုမ္ပဏီတွေ တည်ထောင်ပေးရာမှာ ပါဝင်ပတ်သက်နိုင်တဲ့ စာရင်းကိုင်နဲ့ ရှေ့နေရုံးတွေကို အထူးစောင့်ကြည့်နေသလို နိုင်ငံခြားသားတွေ ကိုယ်စား မြေယာနဲ့ အိမ်ခြံမြေ ပိုင်ဆိုင်ပေးထားတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း အဓိကထား စစ်ဆေးနေပြီး လက်ရှိမှာ သံသယရှိတဲ့ ကုမ္ပဏီ ၂၁,၄၅၉ ခုကို ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။
ထိုင်းအစိုးရက ကုမ္ပဏီ ၁၁၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသား နာမည်ခံထားတဲ့ နိုင်ငံခြားသားပိုင်လားဆိုတာ စစ်ဆေးမည်
Feb 19 • 1:43 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


