back

မကွေးတိုင်း၊မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ဘာသာစုံဂုဏ်ထူးများရရှိစေရေးအတွက် Online Zoom ဖြင့် သင်ကြားလျက်ရှိ

Feb 19 • 1:44 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်း၊မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ဘာသာစုံဂုဏ်ထူးများရရှိစေရေးအတွက် Online Zoom ဖြင့် သင်ကြားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရ...

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ဘာသာစုံ ဂုဏ်ထူးများရရှိစေရေးအတွက် Online Zoom ဖြင့် သင်ခန်းစာလေ့လာသင်ကြားနိုင်ရေးကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မင်းလှမြို့ အခြေခံပညာ အထက်တန်းကျောင်း (မင်းလက်ဝါးခန်းမ)၊ မြို့နယ်ခန်းမ နှင့် အခြေခံပညာ အထက်တန်းကျောင်း(မလွန်)တို့တွင် ဆောင်ရွက်ပေးခဲ့သည်။

Online Zoom ဖြင့် သင်ခန်းစာပို့ချရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ သင်ကြားပို့ချမှု ပထမနေ့တွင် မကွေးတက္ကသိုလ်မှ ဆရာကြီး/ဆရာမကြီးများက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များအား ပို့ချပေးပြီး မင်းလှမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ ၇၉၉ ဦး တက်ရောက် လေ့လာသင်ကြားခဲ့သည်။

news-view-count-icon

27