back

ကန့်ဘလူ၌ ဓာတ်ဆီတလီတာ ၂၂,၀၀၀ ကျပ်ထိ မြင့်တက်ပြီး ကုန်စည်စီးဆင်းမှု ပြတ်လပ်

Feb 19 • 1:42 AM

breaking-news

Myanmar

Sagaing

cover

ကန့်ဘလူ၌ ဓာတ်ဆီတလီတာ ၂၂,၀၀၀ ကျပ်ထိ မြင့်တက်ပြီး ကုန်စည်စီးဆင်းမှု ပြတ်လပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ မြို့အဝင်အထွက် ကုန်တင်ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပိတ်ဆို့နေတာကြောင့် ဓာတ်ဆီ တလီတာကို ငွေကျပ် ၂၂,၀၀၀ အထိ မြင့်တက်နေပြီး အ...

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ မြို့အဝင်အထွက် ကုန်တင်ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးပိတ်ဆို့နေတာကြောင့် ဓာတ်ဆီ တလီတာကို ငွေကျပ် ၂၂,၀၀၀ အထိ မြင့်တက်နေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေကာ ကုန်ပစ္စည်း ပြတ်လပ်မှုတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ကုန်ကားနဲ့နီးစပ်သူ ဒေသခံတယောက်က “မြို့ထဲဝင်မဲ့ ကုန်ကားတွေက လမ်းမှာ စစ်ဆေးမှုတွေ များတာရယ်၊ လမ်းကြောင်းမရှင်းတာရယ်ကြောင့် တော်တော်နဲ့ မြို့ထဲကို မရောက်နိုင်ဘဲ ရက်တွေကြာပြီး ခက်ခက်ခဲခဲ သယ်ယူနေရလို့ ကုန်ဈေးနှုန်းက အဆမတန် မြင့်တက်နေတာ” လို့ ပြောပါတယ်။

news-view-count-icon

23