back

စစ်ကိုင်းရှိ စက်သုံးဆီ တရားမဝင် သိုလှောင်တဲ့ နေရာတခုမှာ မီးလောင်

Feb 19 • 1:35 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းရှိ စက်သုံးဆီ တရားမဝင် သိုလှောင်တဲ့ နေရာတခုမှာ မီးလောင်

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာရှိတဲ့ တောတောင်ဘီလူးချောင် အတွင်းက ဆီသိုလှောင်တဲ့နေရာမှာ ဆိုင်ကယ်က နေ ဆီထုတ်ရင်း ယမန်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ မီးလောင်ခဲ့ပါတ...

စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်မှာရှိတဲ့ တောတောင်ဘီလူးချောင် အတွင်းက ဆီသိုလှောင်တဲ့နေရာမှာ ဆိုင်ကယ်က နေ ဆီထုတ်ရင်း ယမန်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ မီးလောင်ခဲ့ပါတယ်။မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် စက်သုံးဆီ ထည့်ထားတဲ့ ၅ ဂါလံ ပုံး ၄၀ ဝန်းကျင် လိုက်ထရပ်ကားတစီး နဲ့ ဆိုင်ကယ်ငါးစီး မီးလောင်ကျွမ်းခဲ့ပြီး ၆ နာရီ ၁၆ မိနစ်အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးလောင်ပြင်ကို ရောက်ရှိခဲ့သူကနေ သိရပါတယ်။" တောတောင်ဘီလူးချောင် ဆိုတာ စစ်ကိုင်းနဲ့ မင်းကွန်းကို သွားတဲ့ လမ်း စစ်ကိုင်းတောင်ခြေမှာရှိတာပါ လမ်းဘေးမှာ ဓာတ်ဆီရောင်းတဲ့ဆိုင်ရှိတယ်၊ လိုင်စင်ရ အရောင်းဆိုင်တော့မဟုတ်ဘူးအခုလောင်တာက ချောင်ထဲက စက်သုံးဆီ သို လှောင်တဲ့ နေရာမှာ ဖြစ်သွားတာ " လို့ မြို့ခံတဦးက ပြောပါတယ်။

news-view-count-icon

34