back

ကမ္ဘောဒီးယားကလည်း ရေသဘင်ပွဲတော်ကို မဟာဆုန်ကရန်ဆိုပြီး ယူနက်စ်ကိုမှာ အသိအမှတ်ပြုဖို့ ကြိုးစားနေ

Feb 19 • 1:34 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယားကလည်း ရေသဘင်ပွဲတော်ကို မဟာဆုန်ကရန်ဆိုပြီး ယူနက်စ်ကိုမှာ အသိအမှတ်ပြုဖို့ ကြိုးစားနေ

ကမ္ဘောဒီးယားနိုင်ငံကလည်း သူတို့ရဲ့ နှစ်သစ်ကူး ရေကစားပွဲတော် “Mohasangkran Chnam Thmey” လို့ခေါ်တဲ့ ခမာရိုးရာနှစ်သစ်ကူးပွဲတော်ကို ယူနက်စ်ကိုမှာ ယဥ်ကျေးမှု အမွေအန...

ကမ္ဘောဒီးယားနိုင်ငံကလည်း သူတို့ရဲ့ နှစ်သစ်ကူး ရေကစားပွဲတော် “Mohasangkran Chnam Thmey” လို့ခေါ်တဲ့ ခမာရိုးရာနှစ်သစ်ကူးပွဲတော်ကို ယူနက်စ်ကိုမှာ ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ကြိုးစားနေပါတယ်။ အခုလို စာရင်းသွင်းမှုက ထိုင်းနိုင်ငံအတွကါ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ သိရပြီး ထိုင်းရဲ့ ဆုန်ကရန်ကို ၂၀၂၃ ကတည်းက အသိအမှတ်ပြုပြီးဖြစ်ပါတယ်။ထိုင်းနိုင်ငံယဥ်ကျေးမှု တိုးတက်ပြန့်ပွားရေး ဌာနရဲ့ ဒါရိုက်တာ Yuthika ရဲ့အဆိုအရ နိုင်ငံတစ်နိုင်ငံဟာ ယူနက်စ်စကို အသိအမှတ်ပြု အခုလို စာရင်းသွင်းလိုက်တဲ့အခါ ဒီပွဲတော်ကို သူတို့က ပိုင်သွားတယ်လို့ သတ်မှတ်ခွင့်မရှိဘဲ အခြားနိုင်ငံတွေမှာလည်း အလားတူ၊ ယဥ်ကျေးမှုတူ ပုံစံတွေရှိနိုင်တယ်လို့သူကပြောပါတယ်။ သူဖြည့်စွက်ပြောတာကတော့ ၂၀၂၄ ဒီဇင်ဘာတုန်းက အသိအမှတ်ပြုခံခဲ့ရတဲ့ မြန်မာတွေရဲ့ “အတာ သင်္ကြန်” ဖြစ်ပြီး ရေကစားတဲ့ ဓလေ့၊ ဧပြီလမှာ ဆင်နွှဲတဲ့ ဓလေ့က နိုင်ငံပေါ်လိုက်ပြီး မတူတာလေးတွေရှိနိုင်တယ်လို့ဆိုပါတယ်။

news-view-count-icon

8