ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီနှင့် ထီးလိုမင်းလိုဘုရားသို့ ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၁ သိန်းခွဲကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ထီးလိုမင်းလိုဘုရားဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ပြည်ထောင်စုနေ့မှ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရုံးပိတ်ရက်ရှည်ကာလများအတွင်း ရွှေစည်းခုံစေတီတော်ကြီးသို့ ခရီးသွား ၉၀,၀၀၀ ကျော်နှင့် ထီးလိုမင်းလို ဘုရားသို့ ခရီးသွား ၆၀,၀၀၀ ကျော် ဝင်ရောက်လည်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပခရီးသွားဝင်ရောက်မှုတွင် တရုတ်၊ ရုရှား၊ ဂျပန်၊ ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ ပိုလန်၊ အီတလီနှင့် ဘရာဇီး နိုင်ငံတို့မှ အများဆုံးလာရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ 
ပုဂံဒေသရှိ ရွှေစည်းခုံစေတီနှင့် ထီးလိုမင်းလိုဘုရားသို့ ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၁ သိန်းခွဲကျော် လာရောက်လည်ပတ်
Feb 19 • 1:33 AM
Myanmar
Mandalay
Share
| 30 | 0 | 0 | 0 |


