back

မလေးရှားကမ်းခြေတွင် ရေနစ်ပျောက်ဆုံးနေသည့် မြန်မာကျောင်းသား၏ ရုပ်အလောင်းကို ယနေ့ ပြန်လည်တွေ့ရှိ

Feb 18 • 3:23 PM

breaking-news

Malaysia

Local

cover

မလေးရှားကမ်းခြေတွင် ရေနစ်ပျောက်ဆုံးနေသည့် မြန်မာကျောင်းသား၏ ရုပ်အလောင်းကို ယနေ့ ပြန်လည်တွေ့ရှိ

ပြီးခဲ့သည့် တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) က မလေးရှားနိုင်ငံ တီရန်ဂနူးပြည်နယ် (Terengganu State) ၏ မြို့တော် ကွာလာတီရန်ဂနူးမြို့ (Kuala Terengganu) မြို့ရှိ ဘာတ...

ပြီးခဲ့သည့် တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) က မလေးရှားနိုင်ငံ တီရန်ဂနူးပြည်နယ် (Terengganu State) ၏ မြို့တော် ကွာလာတီရန်ဂနူးမြို့ (Kuala Terengganu) မြို့ရှိ ဘာတု ဘာရက်ခ် (Batu Buruk) ကမ်းခြေတွင် ရေဆင်းကူးရင်း ရေနစ်ပျောက်ဆုံးသွားခဲ့သည့် မြန်မာနိုင်ငံသား ဆယ်ကျော်သက် ကျောင်းသားငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (ဗုဒ္ဓဟူးနေ့) နံနက်အစောပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ မောင်စည်သူမိုးလွင် ဖြစ်ပြီး၊ ၎င်းသည် Negeri Sembilan ပြည်နယ်ရှိ INTI အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်ကောလိပ် (Nilai နယ်မြေခွဲ) မှ Business Foundations သင်တန်း တက်ရောက်နေသည့် ကျောင်းသားတစ်ဦးဖြစ်သည်။ ကမ်းခြေသို့ ရေဆင်းကူးရန် သွားရောက်ခဲ့ကြစဉ် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ပြင်းထန်သော ရေစီးကြောင်းနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

1