လာမယ့်သောကြာနေ့ ONE Friday Fights 143 ပြိုင်ပွဲမှာ ခေါင်ပွဲအဖြစ်
ကယန်းတိုင်းရင်းသူ ဗီရိုနီကာနဲ့ ထိုးသတ်မယ့် အစ္စရေးအမျိုးသမီးဖိုက်တာ ရှီရာကိုဟင်ဟာ ပရိုဖိုက်တာဘဝ မွေထိုင်း (၁၁) ပွဲ ထိုးသတ်ထားပြီး (၁) ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ရှီရာကိုဟင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကစပြီး ပရိုဖိုက်တာအဖြစ် မွေထိုင်းပွဲများကို ထိုးသတ်လာသူဖြစ်ပါတယ်။ ရှီရာကိုဟင်ဟာ Fairtex Fight ပြိုင်ပွဲတွေမှာ မွေထိုင်းပွဲ (၈) ပွဲ ထိုးသတ်ခဲ့ပြီး (၇) ပွဲနိုင်၊ (၁) ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ရှီရာကိုဟင်ဟာ ၂၀၂၄ ခုနှစ်မှာ ONE Championship ကို ရောက်ရှိလာပြီး (၃) ပွဲ ထိုးသတ်ထားရာမှာ (၃) ပွဲစလုံးကို အနိုင်ရရှိထားပါတယ်။ ဒါကြောင့် ရှီရာကိုဟင်ဟာ ပရိုဖိုက်တာဘဝ (၁၁) ပွဲထိုးသတ်ထားရာမှာ (၁) ပွဲသာ ရှုံးနိမ့်ထားပြီး အနိုင်ရရှိထားတဲ့ (၁၀) ပွဲမှာ (၃) ပွဲက အလဲထိုးနိုင်ပွဲတွေအဖြစ် ပါဝင်နေပါတယ်။



