back

နွေဦးရာသီရောက်လာတာကို ကြိုဆိုတဲ့ ရိုးရာအနုပညာတင်ဆက်မှု ဂျပန်နိုင်ငံ Aomori ခရိုင်မှာ ပြုလုပ်

Feb 18 • 3:19 PM

breaking-news

Japan

Local News

cover

နွေဦးရာသီရောက်လာတာကို ကြိုဆိုတဲ့ ရိုးရာအနုပညာတင်ဆက်မှု ဂျပန်နိုင်ငံ Aomori ခရိုင်မှာ ပြုလုပ်

ဂျပန်နိုင်ငံမြောက်ပိုင်း Aomori ခရိုင်က ရိုးရာအနုပညာဖျော်ဖြေတင်ဆက်မှုတွေက နွေဦးရာသီရောက်လာပြီဆိုတာ ရှေ့ပြေးနိမိတ်ပြနေပါတယ်။ "Hachinohe Enburi" ဆိုတာ အဖွဲ့အများက...

ဂျပန်နိုင်ငံမြောက်ပိုင်း Aomori ခရိုင်က ရိုးရာအနုပညာဖျော်ဖြေတင်ဆက်မှုတွေက နွေဦးရာသီရောက်လာပြီဆိုတာ ရှေ့ပြေးနိမိတ်ပြနေပါတယ်။ "Hachinohe Enburi" ဆိုတာ အဖွဲ့အများကြီးကပြုလုပ်တဲ့ ဒေသခံအကတစ်မျိုး ဖြစ်ပါတယ်။ သူတို့က သီးနှံအထွက်နှုန်းကောင်းမွန်စေရေး ဆုတောင်းဖို့ စပါးစိုက်ပျိုးတဲ့မြင်ကွင်းတစ်ခုကို ပြန်လည်ဖန်တီးကြပါတယ်။ အဲဒီ ဒေသန္တရအနုပညာတွေကို နိုင်ငံရဲ့ အရေးကြီးတဲ့ ဒြပ်မဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ၄ ရက်ကြာ ပွဲတော်ကို အင်္ဂါနေ့က ခရိုင်ထဲက Hachinohe မြို့မှာ စတင်ခဲ့ပါတယ်။ အဖွဲ့ ၃၄ ဖွဲ့ဟာ မြို့လယ်က လမ်းတစ်လျှောက်မှာ သူတို့ရဲ့အကတွေကို ဖျော်ဖြေရင်း စီတန်းလှည့်လည်ခဲ့ကြပါတယ်။



news-view-count-icon

2