back

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

Feb 18 • 3:20 PM

breaking-news

Japan

Local News

cover

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစေလွှ...

ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစေလွှတ်မှုသည် အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွင် အခြားမိတ်ဖက်နိုင်ငံမှ တပ်ဖွဲ့ဝင်များက ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ရပ်သည် နှစ်နိုင်ငံ တည်းထိ‌တွေ့ဆောင်ရွက်မှုများမှ အမေရိကန် မဟာမိတ်များအကြား အပြန်အလှန် အမှီသဟဲပြုသော ဘက်စုံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသို့ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ဝေးလံသောကျွန်းစုများ ကာကွယ်ရေး၊ ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေများကို ပိုမိုအာရုံစိုက်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများနှင့် လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။



news-view-count-icon

3