back

Takaichi Sanae ကို ဝန်ကြီးချုပ်အဖြစ် ဂျပန်လွှတ်တော်က ပြန်လည်ရွေးချယ်တင်မြှောက်

Feb 18 • 3:17 PM

breaking-news

Japan

Local News

cover

Takaichi Sanae ကို ဝန်ကြီးချုပ်အဖြစ် ဂျပန်လွှတ်တော်က ပြန်လည်ရွေးချယ်တင်မြှောက်

ဂျပန်လွှတ်တော်အမတ်တွေက Takaichi Sanae ကို နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၈ ရက် ရွေးကောက်ပွဲမှာ သူရဲ့ Liberal Democ...

ဂျပန်လွှတ်တော်အမတ်တွေက Takaichi Sanae ကို နိုင်ငံရဲ့ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၈ ရက် ရွေးကောက်ပွဲမှာ သူရဲ့ Liberal Democratic Party (LDP) အပြတ်အသတ် အနိုင်ရရှိပြီးတဲ့နောက် အခုလို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးရှိ အမတ်တွေက ဗုဒ္ဓဟူးနေ့မှာ မဲပေးပြီး မစ္စ် Takaichi ကို ပြန်လည်တင်မြှောက်ခဲ့ကြပါတယ်။ သူဟာ အောက်တိုဘာလမှာ ပထမဆုံးအဖြစ် ဝန်ကြီးချုပ်ရာထူးတာဝန် ယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူ့ရဲ့ပါတီဟာ Japan Innovation Party (JIP) နဲ့ ညွန့်ပေါင်းအဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ အခုလအစောပိုင်း အောက်လွှတ်တော်ရွေးကောက်ပွဲမှာ LDP ဟာ လွှတ်တော်အမတ်နေရာရဲ့ သုံးပုံနှစ်ပုံကျော် ရရှိခဲ့ပါတယ်။





news-view-count-icon

2