ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၀၁နာရီ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ ကျော်စွာဝင်း(ခ)ထွေးပို ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ ဘိန်းဖြူ အလေးချိန် ၀.၀၁ ဂရမ်(ဒေသကာလတန်ဖိုးငွေ ကျပ် ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၀၁နာရီ၅၅မိနစ် အချိန် ၎င်းနှင့်အတူ ဖြိုးဝေအောင်(ခ)အောင်အောင် တို့ငှားရမ်းနေထိုင်သည့် အဆိုပါမြို့နယ်၊ (စ)ရပ်ကွက်ရှိ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆,၆၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၅၃၂ သိန်း)၊ ဘိန်းဖြူ အလေးချိန် ၃၈၇ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၁၆.၁ သိန်း)နှင့် ဘိန်းဆီခဲ အလေးချိန် ၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၈ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်စွာဝင်း(ခ)ထွေးပို(၄၀)နှစ် နှင့် ဖြိုးဝေအောင်(ခ)အောင်အောင် တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



