ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ၁၇နာရီ၅၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ခင်မောင်ဆန်း(ခ)လောင်းလု မောင်းနှင်ပြီး အေးဆန် လိုက်ပါလာသည့် TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဆီခဲ အလေးချိန် ၈.၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၁၄.၈ သိန်း)၊ ဘိန်းစိမ်း အလေးချိန် ၄.၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၅၀.၄ သိန်း)နှင့် မြန်မာငွေကျပ် ၂.၅ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခင်မောင်ဆန်း(ခ)လောင်းလု(၅၅)နှစ် နှင့် အေးဆန်(၅၆)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



