ထိုင်းနိုင်ငံ စမွတ်ဆာခွန် ခရိုင်၊မဟာချိုင်နယ်မြေ မှာ မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးဟာ ထာ့ချလုံ (Tha Chalom) ပေါ်ကနေ ထာကျင့်မြစ်ထဲသို့ ခုန်ချအဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁နာရီ ဝန်းကျင်မှာ ခုန်ချခဲ့ဖြစ်ပြီး ငါးပုဇွန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ အလုပ်ရုံများနှင့် ငါးဖမ်းလှေများ ဆိုက်ကပ်ထားတဲ့ ဆိပ်ကမ်းဧရိယာ ဖြစ်ကာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့တာဝန်ရှိသူတွေ ဆက်လက်ရှာဖွေကျရာ မနက်၈နာရီ ခန့်မှာ ရုပ်အလောင်းကို အခင်းဖြစ်ပွားရာ နဲ့ မနီးမဝေးမှာ တွေ့ခဲ့ရပါတယ်။ရုပ်အလောင်း ကို သေဆုံးရတဲ့ အကြောင်းအရင်း သိရှိရန် အတွက် ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုပြုလုပ်မယ်လို့ သိရပါတယ်။ရေထဲခုန်ချ တဲ့ အကြောင်းအရာ မသိရှိရပေမယ့် လူမှုကွန်ယက် မှာတော့ သေဆုံးသူ မြန်မာအလုပ်သမား အမျိုးသမီးရဲ့ သက်ဆိုင်သူများ သိရှိစေဖို့ သေဆုံးသူရဲ့ ဓါတ်ပုံနဲ့ အလုပ်သမားမှတ်ပုံတင် တို့ကို မျှဝေနေကြပါတယ်။



